Wednesday, February 9, 2011

Mediafire နှင့် ဧရာဝတီ



















ဒီနေ့ သီချင်းဖိုင်တစ်ခုကိုdownloadချရင်းထူးခြားတာလေးတစ်ခုတွေ့ ခဲ့တယ်။
သီချင်းဖိုင်အများစုကတော့ Mediafireမှာအများဆုံးတင်တတ်ကျတော့....
mediafireရဲ့ ဒေါင်းလုပ်ချတဲ့pageလေးကိုရင်းနှီးနေပါတယ်။
ဒါပေမယ့်ဒီနေ့ ထူးခြားတာကတော့လူသိများပြီးအစဉ်သဖြင့်သတင်းတွေ
အမြဲတမ်းUpdate ဖြစ်နေတဲ့ ဧရာဝတီကိုညွှန်းထားတာပါပဲ။
Internet Webpage အများစုမှာကAdvertising တွေVirus Linkတွေ
ရှိနေတတ်လေတော့ကိုယ်ကိုယ်တိုင်လဲ ဒီလင့်လေးကိုCilckမလုပ်မိပါဘူး။
သူရေးထားပုံအရ "လုံခြုံစွာနှင့်အခမဲ့ဖတ်ရှုရန်"ဆိုတဲ့စာကြောင့်ပဲ
အထူးသတိ ထားမိနေပါတယ်။ဒီစာတန်းကြောင့်ပဲမလုံခြုံဘူးလို့ ပိုခံစားမိပါတယ်။

အိပ်မက်တွေမှန်းငါသိပါတယ်









နင့်ကမ္ဘာကရှုပ်ထွေးလွန်းတယ်
ငါကတည်ငြိမ်လာသလောက်
နင်ကလှုပ်ခတ်နိုင်လွန်းတယ်.....

နင်အချိန်မှန်ခစားခဲ့တဲ့ငါ့ညတွေ
နေရောင်နဲ့ထိတွေတဲ့မြူနှင်းတွေလို
ပျောက်ရှကုန်ပြီထင်ပါရဲ့...........

အရင်ကနင့်နတ်သမီးဖြစ်ခဲ့တဲ့ငါ
ခုတော့နတ်ဆိုးမတစ်ယောက်လို
အထီးကျန်တယ်..................

အချိန်မှန်ခစားတခြားနတ်သမီးရဲ့အပါးမှာ
နင့်ရဲ့ညတွေကြယ်တွေလိုဝေတယ်
ခဏတဖြုတ်တောင်ငါ့ကိုသတိရဲ့လား..

နင်မရောက်ဖြစ်တော့တဲ့ငါရဲ့ အိမ်လေး
မြူခိုးတွေမှိုင်း.တိမ်ညိုတွေအုံ့ ဆိုင်းဆိုင်းနဲ့
အလွမ်းမိုးတွေရွာတယ်......

မှောင်မိုက်နေတဲ့ငါ့ညတွေမှာ
အိပ်မက်ဆိုးတွေကာဆီး
လန့်နိုးလာတိုင်းနင့်ကိုသတိရတယ်....

သာယာလင်းလက်တဲ့နေ့တစ်နေ့မှာ
ငါလဲလှပတဲ့အိပ်မက်လေးတွေ
မက်ချင်ပါသေးတယ်.
ကျေးဇူးပြပြီး.စိမ်းကားလွန်းတဲ့နင်
ငါ့ရဲ့အိပ်မက်တွေကိုမလှောင်ရယ်ပါနဲ့လား။ ။