Tuesday, February 16, 2010

စက်ရုပ်မဟုတ်ဘူး

ခံစားတတ်တဲ့နှလုံးသား
ငါ့မှာရှိတယ်........
ငါစက်ရုပ်တစ်ရုပ်မဟုတ်ဘူး။
ကိုယ်ပိုင်လွတ်လပ်စွာ
ဆုံးဖြတ်နိုင်တယ်.
ထိန်းချုပ်မှုခံမယ့်စက်ရုပ်မဟုတ်ဘူး။
ပွင့်ပွင့်လင်းလင်း
ပေါက်ကွဲပစ်နိုင်တယ်
Power off လို့ ရတဲ့စက်ရုပ်မဟုတ်ဘူး။
အသွေးအသားနဲ့တည်ဆောက်ထားတဲ့
ခန္တာရှိတယ်.
Aluminium Bodyနဲ့စက်ရုပ်မဟုတ်ဘူး။
ချစ်တတ်တဲ့အသည်းနှလုံးရှိတယ်
ခံစားမှုမရှိတဲ့.
Control Buttonတွေနဲ့စက်ရုပ်မဟုတ်ဘူး။
အမိန့်ပေးဖို့မကြိုးစားပါနဲ့။
ကန့်သတ်ဖို့မကြိုးစားပါနဲ့။
ရင့်သီးမှုတွေပေးဖို့မကြိုးစားပါနဲ့။
မုန်းတတ်လာအောင်မကြိုးစားပါနဲ့။
စိတ်ဓာတ်ကျအောင်လာလာပြီးမလုပ်ကျပါနဲ့။
ခံနိုင်မှုအင်အားတွေကျဆင်းအောင်မနှိပ်စက်ကြပါနဲ့။
အမြင်ကပ်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်မလုပ်ကြပါနဲ့။

No comments:

Post a Comment