Friday, February 19, 2010

Wed 9:45 PM

*တွေ့ ချင်နေတဲ့စိတ်နဲ့
မျှော်ခဲ့ရတဲ့နာရီတွေ
*ခုန်နေတဲ့ရင်နဲ့
မြိုသိပ်ထားတဲ့စကားတွေ
*ဖွင့်ဟချင်တဲ့နှုတ်ခမ်းအစုံနဲ့
စာစီထားတဲ့အကြောင်းအရာတွေ
*ဥပေက္ခာပြုထားချင်တဲ့အတွေးတွေနဲ့
သိချင်နေတဲ့သူ့အကြောင်းတွေ
*အေးချမ်းတည်ငြိမ်တဲ့အသွင်သဏ္ဍာန်နဲ့
ရန်ရှာချင်နေတဲ့စိတ်တွေ
*ပျော်နေတဲ့မျက်နှာထားနဲ့
ငိုနေတဲ့မျက်ဝန်းတွေ
*ရောက်မလာခဲ့တဲ့သူနဲ့
ကုန်လွန်သွားတဲ့နာရီတွေ
*လျော့ချထားခဲ့တဲ့စိတ်နဲ့
နွမ်းလျနေတဲ့အိမ်အပြန်ခြေလှမ်းတွေ...........သူသိနိုင်ပါစေ။

Tuesday, February 16, 2010

စက်ရုပ်မဟုတ်ဘူး

ခံစားတတ်တဲ့နှလုံးသား
ငါ့မှာရှိတယ်........
ငါစက်ရုပ်တစ်ရုပ်မဟုတ်ဘူး။
ကိုယ်ပိုင်လွတ်လပ်စွာ
ဆုံးဖြတ်နိုင်တယ်.
ထိန်းချုပ်မှုခံမယ့်စက်ရုပ်မဟုတ်ဘူး။
ပွင့်ပွင့်လင်းလင်း
ပေါက်ကွဲပစ်နိုင်တယ်
Power off လို့ ရတဲ့စက်ရုပ်မဟုတ်ဘူး။
အသွေးအသားနဲ့တည်ဆောက်ထားတဲ့
ခန္တာရှိတယ်.
Aluminium Bodyနဲ့စက်ရုပ်မဟုတ်ဘူး။
ချစ်တတ်တဲ့အသည်းနှလုံးရှိတယ်
ခံစားမှုမရှိတဲ့.
Control Buttonတွေနဲ့စက်ရုပ်မဟုတ်ဘူး။
အမိန့်ပေးဖို့မကြိုးစားပါနဲ့။
ကန့်သတ်ဖို့မကြိုးစားပါနဲ့။
ရင့်သီးမှုတွေပေးဖို့မကြိုးစားပါနဲ့။
မုန်းတတ်လာအောင်မကြိုးစားပါနဲ့။
စိတ်ဓာတ်ကျအောင်လာလာပြီးမလုပ်ကျပါနဲ့။
ခံနိုင်မှုအင်အားတွေကျဆင်းအောင်မနှိပ်စက်ကြပါနဲ့။
အမြင်ကပ်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်မလုပ်ကြပါနဲ့။

Sunday, January 10, 2010

သူ

ဘာကိုလဲ...........မသိချင်ပါဘူး
ဘယ်သူလဲ.........စိတ်မ၀င်စားပါဘူး
ဘာကြောင့်လဲ.....မလိုအပ်လို့ လေ
ဘာကိုမလိုအပ်တာလဲ.....အချစ်ပေါ့။

ဘာလို့ လဲ...................သိချင်တယ်
ဘယ်သူလဲ..................စိတ်ဝင်စားလာတယ်
ဘာကြောင့်လဲ..............သူ့ ကိုလိုအပ်လာတယ်
ဘာကိုလိုအပ်တာလဲ........အချစ်လေ။


ကဗျာတွေလား..............မခံစားတတ်ဘူး
ခံစားချက်တွေလား.........အပိုအလုပ်တွေ
ကိုယ်ချင်းစာတတ်လား.....စိတ်မကူးဘူး
သူဝမ်းနည်းနေလား.........သူ့ကိစ္စပါ။


ကဗျာတွေ....................အမြဲတမ်းဖတ်ချင်တယ်
ခံစားချက်တွေ................ရင်နဲ့အပြည့်
ကိုယ်ချင်းစာတတ်ဖို့ .........တွေးတတ်နေတယ်
သူဝမ်းနည်းနေလား...........ထပ်တူထပ်မျှပါ။

Wednesday, November 25, 2009

နွေးထွေးမှု




















ခေါင်းစဉ်တပ်လိုက်တာကနွေးထွေးမှုလို့ .........
မိခင်တစ်ယောက်ရဲ့ ရင်အုပ်မကွာနွေးထွေးမှုတွေနဲ့အတူ
ဖခင်တစ်ယောက်ရဲ့လုံခြုံနွေးထွေးစွာစောင့်ရှောက်မှုတွေကို
တပြိုင်တည်းခံစားရလို့ ပါ။
ဒီမြင်ကွင်းလေးကိုမြင်လိုက်ရတာနဲ့တပြိုင်နက်ရင်ထဲမှာတစ်မျိုး
ခံစားရတာကြောင့်မှတ်တမ်းတင်ဓာတ်ပုံရိုက်လိုက်မိပါတယ်။

Friday, October 16, 2009

၂၂ရဲ့ အမှတ်တရများ

၁၅ရက်နေ့က..လေဒီလေးရဲ့ မွေးနေ့ ...အသက်၂၂နှစ်ပြည့်တယ်
မွေးနေ့ မရောက်ခင်ကတော့ကြိုတွေးထားတာတွေရှိတယ်လေ.
မနက်အစောကြီးအိပ်ရာထမယ်..အမေနဲ့ဘုရားသွားမယ်ပေါ့..
ပြီးရင်သူငယ်ချင်းတွေနဲ့ရုံးအတူတက်ပြီးမုန့်တစ်ခုခုစားကြမယ်လို့တွေးထားမိတယ်။
မွေးနေ့ မတိုင်ခင်တစ်ရက်အလိုထိစိတ်ထဲမှာထူးထူခြားခြားဘာမှမဖြစ်သေးဘူး..
ဘာလုပ်ဖြစ်မယ်ဆိုတဲ့အစီအစဉ်လဲမရှိဘူး...နေမကောင်းလဲဖြစ်နေတော့..
ပင်ပန်းနေတယ်..ဘာမှမလုပ်ချင်ဘူး...ဒါပေမယ့်မွေးနေ့မနက်ရောက်တော့..
ထူးထူးခြားခြားစိတ်ထဲကကြည်လင်နေတယ်.ပေါ့ပါးနေတယ်..
အိပ်ရာထနောက်ကျတာတစ်ခုပဲ..
ဒါနဲ့ရေမိုးချိုးပြီးတော့မနက်၁၀နာရီတောင်ရောက်နေပြီ......။
အင်္ကျီအဖြူလေးနဲ့ထမီလေးဝတ်ပြီးရွေတိဂုံဘုရားကိုတစ်ယောက်ထဲသွားခဲ့တယ်..
မြေနီကုန်းရောက်တော့ဘုရားပေါ်သွားမယ့်ကားမစီးခင်..အင်တာနက်ဆိုင်မြင်တော့
မရိုးမရွဖြစ်ပြီး..အီးမေးလ်ဝင်စစ်ဖြစ်တယ်...ပြီးတော့ရွေတိဂုံဘုရားကိုဆက်သွားတယ်။။
ဘုရားမှာပန်းမျိုးစုံလှူပြီးအေးအေးဆေးဆေးဘုရားရှိခိုးပုတီးစိပ်ခဲ့တယ်...
တန်ဆောင်တိုင်ပွဲတော်မသိုးသင်္ကန်းရက်တဲ့ပွဲအတွက်အလှူခံဌာနကိုတွေ့လို့
လေဒီလေးတွက်ရော.ဘိုးဘိုးအတွက်ပါလှူဖြစ်ခဲ့တယ်.
အရမ်းကိုအေးချမ်းတယ်လို့ခံစားမိပါတယ်။
ဘုရားမှာအကြာကြီးနေပြီးအိမ်ကိုပဲပြန်လာခဲ့တယ်..အိမ်မှာအနားယူပြီးခဏအကြာ
အမတစ်ယောက်ကဖုန်းဆက်ခေါ်လို့စိမ်းလန်းစိုပြေမှာအဲ့အစ်မကိုမုန့်လိုက်ကျွေးခဲ့ပါတယ်..
ပြီးတော့လေဒီလေးအရမ်းချစ်ရတဲ့ရုံးကအမတွေသူငယ်ချင်းတွေနဲ့မုန့်အတူတူစားပြီးအိမ်ကိုပြန်ခဲ့ပါတယ်...
ဘာမှထူးခြားလှခြင်းမရှိပေမယ့်..အရမ်းပျော်မိတာတော့အမှန်ပါပဲ...
မျှော်လင့်မထားမိပဲရလာတဲ့လက်ဆောင်လေးတွေကလဲတန်ဖိုးဖြတ်လို့မရလောက်အောင်ပါပဲ....
တစ်ယောက်ကတော့mesageမထားခဲ့ပဲ..BirthdayCardလေးမှာပဲရေးပြီးပေးခဲ့ပါတယ်..
သူငယ်ချင်းတစ်ယောက်ကတော့ပါးစပ်ကပဲပြောသွားခဲ့ပါတယ်။

လေဒီလေးချစ်တဲ့အကိုတွေအမတွေ.သူငယ်ချင်းတွေရဲ့Messageတွေကတော့..
ဒီလိုဒီလိုတစ်တန်းကြီးပါ.။
အစောဆုံး Birthday Wishပေးတဲ့သူကတော့လေဒီလေးရဲ့ အရမ်းချစ်ရတဲ့အကိုကြီးပါ
မနက်01:46မှာကတဲကပေးထားတာပါ။

01:46 အကိ:Happy Birthday nyimalay ..အူကြောင်
Today က စပြီးမိသားစု အတွက်.......
ပတ်ဝန်းကျင် အတွက်.........
အသိုင်းအ၀ိုင်း အတွက် အသုံးဝင်နေ တဲ့ သူ ဖြစ်ပါစေ......။


09:53 မချောစု : happy birthday sis
wish u all the best now an in future ....
work hard , learn hard to be somebody in near future

သူတို့ကတော့Facebookက write wallမှာရေးသွားတာပါ

Too Mar commented on your status:

"ပျော်ရွှင်ပါစေ ညလေးရေ .... ...... ..မွေးနေ့မှာအမှတ်တရတွေဖြစ်ပါစေ"


Nang Nyi commented on your status:

"ဆယ်လ်အီချူးခါ ဟမ်းမီးသာ.. ဆယ်လ်အီချူးခါ ဟမ်းမီးသာ.. ဆာရာငဲ ဝူတိ မို့သူ.. ဆယ်လ်အီချူးခါ ဟမ်းမီးသာ.. :D"

Mr.Desert posted something on your Wall and wrote:

"Happy Birthday 4 U."


Ko zay posted something on your Wall and wrote:
"မွေးနေ့မှာပျော်ရွှင်ပါစေနော်...."

Zin Minn Htiek posted something on your Wall and wrote:
hey Many happy returns to ur B'Day :)
BIGGG B'Day cake 4 u (iiiiiiiiiiiiiiiiii) :P

May Thazin posted something on your Wall and wrote:
~happy birthday to ya~
^_^

Su posted something on your Wall and wrote:

":) Happy Birthday ! :)"


Ye Lin Tun commented on your status:

"May i wish 'happy birthday to you'?"



11:20 ချစ်မကြီးမတူးမာ : Happy Birthday Sister,...

11:29 ကိုသက်ဆွေလင်း : ဟက်ပီးဘသ်ဒေးလေဒီလေး

3:07 ယောင်းသူ : ပာက်ပီးဘက်ဒေး

4:17 ချစ်မကြီးမတူးမာ : happy birthday,.. happiness always,.
best wish,.. 2mar
7:25 ဘိုဝ-ကိုစိုးဇေယျ : ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေ

9:45 littlebrook12 : happy birth Day ... sis :D



ချစ်မကြီးမတူမာကတော့BirthdayWishအများဆုံးပေးတဲ့သူပါပဲ..
၁၄ရက်နေ့ကတဲကကြိုတောင်ပေးထားတာပါ။
၁၅ရက်နေ့မှာအစောဆုံးပေးချင်သော်လည်းမီးပျက်နေသည့်အတွက်သူ့ခမျာနောက်ကျသွားပါတယ်။

Sunday, August 23, 2009

အစားမထိုးနိုင်တဲ့ဝိညဉ်

ကျွန်မရဲ့ ဘ၀မှာအစားမထိုးနိုင်တဲ့ဝိညဉ်လေး.......
အဲဒီ
ဝိညဉ်လေးကဖြူစင်လိုက်တာ.....သည်းခံနိုင်စွမ်းရှိလိုက်တာ....
ဦးစားပေးနိုင်စွမ်းရှိလိုက်တာ.......အေးချမ်းလိုက်တာ
ဒါတင်ဘယ်ကမလဲ........
အဲဒီ
ဝိညဉ်လေးကအမြဲတမ်းပြုံးနေတာပဲ....အမြဲတမ်းလိုက်လျောနေတာပဲ....
အမြဲတမ်းခွင့်လွှတ်နေတာပဲ...အမြဲတမ်းကြည်ဖြူနေတာပဲ ဒ
ီလိုနဲ့ပဲကျွန်မတို့မောင်နှမတွေကြီးပြင်းလာခဲ့တာဖခင်ထက်တောင်စိတ်ရှည်ပြီးသည်းခံခဲ့တယ်..
ကျွန်မတို့ မောင်နှမတွေဘယ်လောက်ဆိုးဆိုးအပြုံးမပျက်ခဲ့ပါဘူး။
ကျွန်မရဲ့ အဖြူရောင်
ိညဉ်လေးက..
မနက်တိုင်းကျွန်မတို့ မောင်နှမတွေစားဖို့ လက်ဖက်ရည်နဲ့ မုန့်သွားဝယ်လေ့ရှိပါတယ်။
ပြီးတော့သူသိပ်ကြိုက်ရေနွေးကြမ်းတောင်းဖို့ချိုင့်ကလေးတစ်လုံးဖြစ်ဖြစ်ယူသွားလေ့ရှိတယ်...
ပြီးတော့သူဆောင်းနေကြဦးထုပ်အဟောင်းလေးနဲ့ 
မြို့ သစ်တွေရဲ့ ခိုက်ခိုက်တုန်အောင်အေးလွန်းတဲ့ဆောင်းနံနက်ခင်းတွေ
ဒါမှမဟုတ် အိုဇုန်းလွှာပေါက်မတတ်ပူတဲ့နေရောင်အောက်တွေ
ဒါမှမဟုတ် ရေကြီးမတတ်သည်းထန်လွန်းတဲ့မိုးရေတွေကြားမှာ
သူရဲ့နိစ္စဒူဝအလုပ်တစ်ခုလိုမပျက်မကွက်
ဝိညဉ်လေးဟာသွားလာလှုပ်ရှားနေတာပါပဲ။
ရွံ့ ထူလွန်းတဲ့မြို့ သစ်ရပ်ကွက်တွေရဲ့ လမ်းတွေကိုဖြတ်ကျော်ပြီးကျောင်းသွားတက်ရတဲ့
ကျွန်မကို အဲဒီ
ဝိညဉ်လေးက ကျောင်းအင်္ကျီလေးရွှံ့ပေမှာစိုးလို့ကုန်းပိုးပြီးလိုက်ပို့တတ်ပါတယ်။
ကျွန်မတို့ကိုမေမေနဲ့ဘွားဘွားကဆူရင်၊ရိုက်ရင်တောင်ကာကွယ်ပေးတတ်တ
ဝိညဉ်လေးပါ....
ပူပြင်းလွန်းတဲ့နွေနေ့လည်တစ်နေ့ပေါ့..
ရေချိုးကန်နားမှာ
ဝိညဉ်လေးဗိုင်းကနဲလဲသွားတော့တာပဲ.....
အဲ့ဒီနေ့ ကစလို့သူ့ ကျန်းမာရေးဟာပုံမှန်မဖြစ်တော့ပါဘူး.....
အခေါ်အဝေါ်တစ်ခုအနေနဲ့ပြောကြတာတော့လေဖြန်းသွားတယ်တဲ့.
ဘာကိုမှန်းကျွန်မကတော့နားမလည်ခဲ့ပါဘူး
ကျွန်မရဲ့ ဖေဖေရာထူးတက်လို့ ဝန်ထမ်းအိမ်ရာတစ်ခုကို ကျွန်မတို့မိသားစုပြောင်းရွေ့နေထိုင်ခွင့်ရရှိခဲ့ပါတယ်....
ကျွန်မမွေးဖွားတဲ့အချိန်ကစလို့မောင်လေးတွေလူဖြစ်လာတဲ့ထိအောင်
ရင်အုပ်မကွာစောင့်ရှောက်လာတဲ့
ဝိညဉ်လေး....သူဘယ်ခွဲပြီးနေနိုင်ပါ့မလဲ။
သူခေါင်းချမယ်လို့ ဆုံးဖြတ်ထားတဲ့သူ့ ရဲ့ စွမ်းအားနဲ့ ရရှိထားတဲ့အိမ်လေးကိုစွန့်ခွာပြီး
ကျွန်မတို့ နောက်ကောက်ကောက်ပါအောင်လိုက်ခဲ့တာပေါ့။
ဇရာဆိုတဲ့အရာကြီးကလဲတည်ငြိမ်နေတတ်တဲ့အရာမျိုးမဟုတ်တော့
ကျန်းမာရေးဖောက်ပြန်မှုတွေကိုကျွန်မရဲ့
ဝိညဉ်လေးအလူးအလဲခံနေရပါတယ်။
နောက်ဆုံးအနေနဲ့ တောင်ပြုစုရကောင်းမှန်းမသိတဲ့ကျွန်မ....
နေရာတကာအသန့် ကြိုက်လွန်းတဲ့ကျွန်မက...
အညစ်အကြေးစွန့်ဖို့အသိတောင်မရှိတော့တဲ့
ဝိညဉ်လေး
ကိုရွံတတ်တဲ့အပြုအမူမျိုးတောင်လုပ်ခဲ့ပါသေးတယ်။
ဒီလိုနဲ့ပဲသူသိပ်ချစ်တဲ့ကျွန်မတို့ မောင်နှမတွေနဲ့သူရဲ့ အိမ်လေးကို အပြီးတိုင်စွန့်ခွာသွားခဲ့ပါတယ်.
ကျွန်မနောင်တရလို့ မဆုံးပါဘူး......
သူလောကကြီးကိုစွန့်ခွာသွားတဲ့နောက်ဆုံးအချိန်အထိ သူချစ်တဲ့ကျွန်မတို့မောင်နှမတွေကိုစောင့်ရှောက်ပေးသွားခဲ့တာပါပဲ..
ကျွန်မရဲ့
ဝိညဉ်လေးဟာသားသမီးတွေကစလို့မြေးတွေဖြစ်တဲ့
ကျွန်မတို့မောင်နှမတွေအထိအနစ်နာခံပင်ပန်းဆင်းရဲခံပြီးနေလာခဲ့တာပါပဲ။
သူနေထိုင်လာခဲ့ရတဲ့သက်တမ်းတလျှောက်ပင်ပန်းဆင်းရဲ့ခဲ့ရတာတွေကြီးပါပဲ..
စိတ်ထားကောင်းလွန်း၊ဖြူစင်လွန်းတဲ့
ဝိညဉ်လေးကိုဘာကြောင့်များကံကြမ္မာက
ပင်ပန်းဆင်းရဲမှုတွေပေးခဲ့ရတာလဲ။
သူရှိနေတဲ့အချိန်တွေမှာရောမြေးတစ်ယောက်ဖြစ်တဲ့ကျွန်မကရော
နားလည်ဖေးမပေးမယ့်အသိဥာဏ်နဲ့အသက်အရွယ်မရှိရသေးတာလဲ။
အဲဒီအချိန်တွေမှာပင်ပန်းလွန်းခဲ့ပေမယ့်ရောက်ရာဘုံဘ၀မှာအေးချမ်းစွာရှိနေဖို့ကိုပဲ
မြေးတစ်ယောက်အနေနဲ့လုပ်ဆောင်ပေးနိုင်ပါတော့တယ်။
ကျန်ရစ်ခဲ့တဲ့သူသိပ်ချစ်ရတဲ့ဇနီးကိုပဲစောင့်ရှောက်ကြင်နာဖေးမနေရပါတော့တယ်။

PS...( 27.6.00)ပြည့်နှစ်တွင်ကွယ်လွန်သွားသောဘိုးဘိုးအားသတိရလွမ်းဆွတ်လျက်