လူရယ်လို့ ဖြစ်လာတော့လည်း…မျှော်လင့်ချက်တွေ ဆန္ဒတွေနဲ့ ရှင်သန်နေထိုင်ကြရတယ်လေ။ ရုန်းကန်ရှင်သန်နေရတဲ့ 
လူ့ ဘ၀သက်တမ်းတစ်လျှောက် မျှော်လင့်ချက်လေးတွေဒါမှမဟုတ် ဆန္ဒလေးတွေ ပြီးပြည့်စုံလာတဲ့ အခါမျိုးမှာဆိုရင် ပျော်ရွှင်ကျေနပ်ကြတတ်တာပေါ့။
မဖြစ်လာတဲ့ အခါမျိုးကြရင် ၀မ်းနည်းကြေကွဲတတ်ကြတာ လူတိုင်းပဲမဟုတ်ပါလား။
လူတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်းသူများနည်းတူ မျှော်လင့်ချက်တွေ ဆန္ဒတွေရှိတာပေါ့။ ကျွန်မဖြစ်ချင်တဲ့ ဆန္ဒနှစ်ခုရှိပါတယ်။ ထူးထူးခြားခြားကြီး မဟုတ်ပေမယ့်ရယ်စရာတော့ကောင်းပါတယ်…..
ကျွန်မမိသားစုနဲ့ လုံခြုံနွေးထွေးစွာနေထိုင်လို့ ရမယ့်ကိုယ်ပိုင်အိမ်လေးတစ်လုံး လိုချင်တာ ကျွန်မရဲ့ ပထမဆုံးဆန္ဒ္ဒပါ။
အဲဒီအိမ်လေးရဲ့ မကျဉ်းမကျယ်ထပ်ခိုးလေးပဲဖြစ်ဖြစ်၊ ကျယ်ဝန်းတဲ့ ပြတင်းပေါက်လေးပါတဲ့ ဘေးခန်းလေးမှာပဲဖြစ်ဖြစ် ကျွန်မတစ်
ယောက်ထဲနေချင်ပါတယ်။
အဲဒီအခန်းလေးထဲမှာ စာအုပ်စင်လေးရယ်၊ ကျွန်မတစ်ယောက်အိပ်လိုရမယ့်ကုတင်အသေးလေးတစ်လုံးရယ်၊ ကျွန်မအလုပ်
လုပ်မယ့်ကွန်ပြူတာတစ်စုံရယ်၊ ပြီးတော့အ၀တ်အစားတွေနဲ့ တို လီမုတ်စလေးတွေထည့်ဖို့ 
အံဆွဲဗီရိုလေးတစ်လုံးရှိရင်လုံလောက်ပါပြီ။ ညခင်းတွေဆို ပြတင်းပေါက်လေးကိုဖွင့်လို့  ..အဲကနေတိုက်ခတ်လာမယ့်လေညှင်းတွေနဲ့ အတူ..ကျွန်မကြိုက်တဲ့ သီချင်းသံစဉ်တွေကို နားထောင်ပြီး…ညတစ်ညကိုအေး ချမ်းစွာနေချင်တာကျွန်မရဲ့ ဆန္ဒလေးတစ်ခုပါ။
ကျွန်မရဲ့ ဒုတိယဆန္ဒကတော့ အကိုတစ်ယောက်လိုချင်တာပါပဲ။
ကျွန်မကအကြီးဆုံးတစ်ယောက်ဖြစ်ခဲ့ လေတော့.အငယ်တွေတွေ့ ရင်အရမ်းအားကျမိပါတယ်။အရမ်းချစ်ရပြီး၊
ချွဲနွဲ့ လို့ တဲ့ အကိုတစ်ယောက်ရှိရင်သိပ်ကောင်းမှာပဲလို့ အမြဲတွေးမိပါတယ်။ အကိုအရွယ်ယောက်ျားလေးတွေနဲ့ ခင်မင်မိရင်လည်း
အကိုအရင်းလိုစိတ်ထဲမှာဖြစ်မိပါတယ်…တကယ်လို့ များအကိုတစ်ယောက်ရှိခဲ့တယ်ဆိုရင်…
ကျွန်မကသူ့ လက်မောင်းတွေကိုခိုစီးချင်တာပါ။ တကယ်တမ်းတွေးမိရင် တခြားသူတွေအတွက်တော့ရယ်စရာတစ်လိုဖြစ်နေမလားပါပဲ။
ဒါပေမယ့်ကျွန်မအတွက်တော့မရိုးနိုင်တဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်စုံပါပဲ……….
မိမိ Blog မှာ Dtree menu ထည့်ခြင်း
2 years ago

လိုအင်ဆန္ဒပြည်.ဝပါစေ
ReplyDeleteဆန္ဒတွေ ပြည့်စုံပါစေနော် ညီမလေး..
ReplyDeleteလိုချင်တဲ့ ဆန္ဒလေးတွေက ရိုးရှင်းပီး ချစ်စရာကောင်းလို့
အမြန်ဆုံးရပါစေလို့ ဆုတောင်းပေးမယ်နော်.... :D
ချစ်သူရဲ့အပါးမှာ အနမ်းတွေအခစားရောက်ခဲ့တယ်
ReplyDeleteချစ်သူ့ရဲ့အိမ်အပြန်မှာ ပေကျံလာတဲ့
ဘ၀ရဲ့အစွန်းအထင်း ကိုယ့်ချစ်ခြင်းနဲ့
ဆေးကြောသန့်စင်ပေးခဲ့.....
ရနံမပျယ်စေနဲ့ ချစ်သူ ရယ်.
အလွမ်းကိုပန်းလုပ်မပန်နဲ့
အနမ်းကိုလဲလွမ်းဖို့မကြံနဲ့
သံသရာဆိုတာ တစ်ရံတစ်ခါတော့လဲ
လွဲနေဆဲပဲလေ.
ရင်ခုန်သံတွေ ထပ်တူကကြခဲ့ရင်
မင်းရဲ့ရင်ခွင်မှာ လိပ်ပြာ တွေလာလိမ့်မယ်.
ကိုယ့် လိပ်ပြာလဲပါလိမ့်မယ် ချစ်သူ.
အင်း ငါ့ညီမလေးကို မုန့်ဝယ်ကျွေးဦးမှပါ .. ဒီပို့စ်က ငါ့ကိုစိတ်မကောင်းအောင်လုပ်နေတယ်
ReplyDelete