Friday, July 31, 2009

နောက်ဆုတ်ဖို့ ကြိုးစားရင်းရှေ့ တိုးမိ



လေဒီလေးတော့လေ...ခုတလောဘာတွေဖြစ်နေမှန်းကိုမသိ.
မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ကိစ္စတွေ.မဖြစ်သင့်ဘူးလို့ ဆုံးဖြတ်ထားတာတွေကို
ဇွတ်လုပ်မိနေတော့တာပဲ.
မဖြစ်သင့်ဘူး.မလုပ်ရဘူးလို့ တွေးနေရင်းနဲ့ ကိုလုပ်မိနေတော့တာ။
ဒီနေ့ ပဲကြည့်လေ..မြို့ ထဲကိုအလုပ်ကိစ္စတစ်ခုနဲ့ သွားတာ..မိုးကလဲရွာလိုက်တာလေ.
မစဲကိုမစဲတော့တာ..ဂီယာထိုးထိုးပြီတော့ကိုရွာတာ..
သွားရတဲ့ နေရာက၃၉လမ်းအနိမ့်ပိုင်းဆိုတော့ ရေကဒူးကိုရောက်နေပြီ...
အဲဒါနဲ့ ရှေ့ ဆက်မသွားပဲကြည့်နေသေးတာ.စိတ်ထဲမှာတော့နောက်ပြန်ဆုတ်ပြီး
၃၈လမ်းဘက်ကပြန်ကွေ့ တက်မယ်ပေါ့..တွေးနေရင်းနဲ့ ကိုရေထဲကိုရောက်နေပြီ...
ဪ..နောက်ဆုတ်ဖို့ ကြိုးစားရင်ရှေ့ တိုးမိ။

ကာလအတော်ကြာ..လူတစ်ယောက်ကိုစိတ်မ၀င်စားရဘူး..မယုံကြည်ရဘူး....
ခေါင်းထဲမထည့်ရဘူးဆိုပြီးစိတ်ဆုံးဖြတ်ထားတာကို...စိတ်ဝင်စားမိနေတယ်..
ယုံချင်နေတယ်...ခေါင်းထဲထည့်ထားတယ်။ လေဒီလေး.......ဘာဖြစ်နေပြန်ပြီလဲ။
ဪ..နောက်ဆုတ်ဖို့ ကြိုးစားရင်းရှေ့ တိုးမိ။

လေဒီလေးသံယောဇဉ်ရှိတဲ့ညီမ၀မ်းကွဲလေးတစ်ယောက်...
မိဘအပေါ်လည်းနားမလည်....ညီအကိုမောင်နှမတွေအပေါ်လည်းယဉ်ကျေးမှုမရှိ..
စာလည်းမကြိုးစား..စိတ်ပေါက်ပေါက်နဲ့ ဒီလိုကောင်မလေးမျိုးပစ်ထားလိုက်မယ်လို့ ..
စိတ်ထဲထည့်ထားတာ..
ဟောကြည့်..ဆုံးဖြတ်ထားရင်းနဲ့ကိုအမေ့ကိုသူ့ အကြောင်းမေးမိ..သူ.အဆင်ပြေရဲ့ လား။
သံယောဇဉ်ဖြတ်ပြီးခါမှ.......
ဪ..နောက်ဆုတ်ဖို့ ကြိုးစားရင်းရှေ့ တိုးမိ။



3 comments:

  1. လက်စသတ်တော့ လေဒီလေးက ရှေ့တိုးနောက်ဆုတ်ဖြစ်နေတာကိုး....၀မ်းနှုတ်ဆေးကျွေးလိုက်မယ်နော် ချောချောချူချူဖြစ်သွားအောင် ..ဟေးဟေး. သိတယ်မှတ်လား စီစဉ်ကြီးကြပ်သူ မမြ၀င်းအကြောင်း...............

    ReplyDelete
  2. တိုးရဲတိုးကြည့် နားရင်းပိတ်တီးပစ်မယ်.. ရှေ့ကစောင့်နေတယ် လာထား ဟွင်းဟွင်း

    ReplyDelete
  3. အဓိက ကြော်ငြာ ချင်တာ အလယ်ကဟာ ဟုတ်း)

    ReplyDelete